ႏွစ္ဦး အဓိ႒ာန္

ႏွစ္ဦး အဓိ႒ာန္

————-

အစီအရင္ေတြ ယၾတာေတြ မေျပာခင္ 2018အေၾကာင္း စေျပာရေအာင္ဗ်။ 2018က ေပါင္းျခင္း 2ရတယ္ဗ်။

2+0+1+8=11.(1+1=2)

2ဂဏန္းဆိုတာ တနလၤာၿဂိဳဟ္စိုးမိုးတယ္ေပါ့ဗ်ာ ။

တနလၤာၿဂိဳဟ္က လမင္းေပါ့ဗ်ာ။ ေအးျမျခင္းအဓိပၸါယ္ရတယ္။ ဓာတ္သေဘာအရ အမဓာတ္ေပါ့ဗ်ာ။

ေနမင္းက ဖခင္ဆို လမင္းကမိခင္ေပါ့ဗ်ာ။ ေမတၱာတရားအားႀကီးတဲ့ ၿဂိဳဟ္လို႔ေျပာလို႔ရပါတယ္။

ခ်စ္ျခင္းတရားေတြျပည့္ႏွက္ေနတဲ့ ၿဂိဳဟ္ေပါ့ဗ်။

ျမန္မာႏိုင္ငံက 4ဂဏန္းစိုးမိုးတဲ့ ႏိုင္ငံဆိုေတာ့ 4ဂဏန္း နဲ႔ 2ဂဏန္းေပါင္းစပ္ၿပီး အေဟာထုတ္ရရင္

ဒီလိုႏွစ္မ်ိဳးမွာ ခ်စ္ျခင္းတရားနဲ႔ ပက္သက္ၿပီးလူသားေတြ ခံစားလြယ္တဲ့ႏွစ္ပါပဲ။ အခ်စ္ေရးနဲ႔ပက္သက္ရင္ ထိလြယ္ရွလြယ္တယ္လို႔ ေျပာလို႔ရပါတယ္။ ခံစားခ်က္ကိုဦးစားေပးလာလိမ့္မယ္။

အႏုပညာနဲ႔ပက္သက္ၿပီး အထူးေကာင္းလာမဲ့ႏွစ္ပါ။

အစိုးရဘက္က အပံ့အပိုးေတြရလာႏိုင္သလို

ရြက္ပုန္းသီးအႏုပညာရွင္ေလးေတြ ပြဲထုတ္ခံရမဲ့ႏွစ္ပါပဲ။ စာေပ၊ဂီတ၊ ႐ုပ္ရွင္ စတဲ့ အႏုပညာနယ္ပယ္အသီးသီး ေကာင္းလာမဲ့ႏွစ္တစ္ခုပါ။

စပ္တူရွယ္ယာလုပ္ငန္းမ်ား၊ ခရီးသြားလုပ္ငန္းမ်ား၊

အႏုပညာလုပ္ငန္းမ်ား၊သင္ၾကားေရးလုပ္ငန္းမ်ား ၊စေတာ့ရွယ္ယာလုပ္ငန္းမ်ား ၊ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ား အထူးအားေကာင္းစြာအက်ိဳးေပးပါတယ္။

လစာတိုးျခင္း ၊ အေျခခံလုပ္ခလစာတိုးႁမွင့္ေပးျခင္းမ်ိဳ းေတြလဲရွိလာပါလိမ့္မယ္။ ေငြေၾကးေဖာင္းပြမႈဒဏ္ကိုလဲ ခံစားရပါလိမ့္မယ္။

ၾကာသပေတးၿဂိဳဟ္ရပ္တည္မႈ၊စေနၿဂိဳဟ္ရပ္တည္မႈ အားနည္းတာေၾကာင့္ ဘာသာေရးနဲ႔ပက္သက္ၿပီးအဓီက႐ုဏ္းေတြ

ဘာသာေရးျပႆ နာေတြျဖစ္လာဖို႔ တြန္းအားေပးတဲ့ႏွစ္ပါပဲ။

ႏိုင္ငံေရးပါတီအခ်င္းခ်င္းအားၿပိဳင္မႈေတြကေန ပဋိပကၡအသြင္ ေဆာင္သြားတတ္တာကေတာ့ သတိထားစရာပါပဲ။

တနလၤာၿဂိဳဟ္ အားေကာင္းမႈက သင္ၾကားေရးနဲ႔ပက္သက္ေသာ သင္ယူျခင္းနဲ႔ပက္သက္ေသာ ကိစၥေတြအထူးေကာင္းပါတယ္။ သင္ယူလိုစိတ္၊သင္တန္းတတ္လိုစိတ္၊အသက္ေမြးမႈပညာ သင္ယူလိုစိတ္ေတြ လူတိုင္းရင္မွာျဖစ္တည္လာတတ္တဲ့ ႏွစ္ပါပဲ။

ႏိုင္ငံေတာ္အဆင့္ အႀကီးအကဲေတြ ၊ေခါင္းေဆာင္ေတြအေျပာင္းအလဲျဖစ္ေပၚလာႏိုင္တဲ့ကာလပါပဲ။

သဘာဝေဘးအႏၲရာယ္အေနနဲ႔ကေတာ့ ဒီႏွစ္ထဲ

အမ်ားအျပားေတာ့ မရွိပါဘူး။ ေရႀကီးတာ၊ေရလွ်ံတာ ၊ မုန္တိုင္းတိုက္ခတ္တာမ်ိဳးကေတာ့ ျဖစ္လာႏိုင္ပါေသးတယ္။ ကူးစက္ေရာဂါဆိုတာမ်ိဳးကလဲ ျဖစ္ေပၚဖို႔ အလားအလာမ်ားတဲ့ ႏွစ္တစ္ခုပါ။

2018္ မွာ 1ဂဏန္းသမားမ်ား ၊ 5ဂဏန္းသမားမ်ား၊ 7ဂဏန္းသမားမ်ားကံျမင့္မားတတ္သလို

ကာရကဋ္ရာသီဖြားမ်ား ၊ၿဗိစၧာရာသီဖြားမ်ား ၊မိန္ရာသီဖြားမ်ားလဲ ကံျမင့္မားတယ္လို႔ ေယဘုယ်ေျပာလို႔ရပါတယ္။

၂၀၁၈မွာ ဘယ္ေန႔သားမဆို၊ ဘယ္ရာသီဖြားမဆို မည္သူမဆို ျပဳလုပ္သင့္တဲ့ အစီအရင္ကေတာ့

ေရလႉတာပါပဲ။ ဘုရားေရာက္ရင္ ေသာက္ေတာ္ေရကပ္တာ ၊ေရသပၸာယ္တာ ၊ေရသန္႔စက္လႉတာ ၊စက္ေရတြင္းတူးတာ စတာေတြလုပ္သင့္ပါတယ္။လူႀကီးမိဘေတြကို ေကာ္ဖီေဖ်ာ္တိုက္တာ အေအးေဖ်ာ္တိုက္တာမ်ိဳးလဲ ၾကံဳရင္ၾကံဳသလို ျပဳေပးသင့္ပါတယ္။

တနလၤာၿဂိဳဟ္က ေမတၱာၿဂိဳဟ္ပါ။ ဒါေၾကာင့္ ၇ရက္သားသမီး အားလံုးကို ေမတၱာပို႔တာ ေမတၱာသုတ္ရြတ္ဆိုတာမ်ိဳးကေန႔စဥ္ နိစၥဓူဝလုပ္ေဆာင္ေပးႏိုင္ရင္အေကာင္းဆံုးပါ။ ေမတၱာတရားကို ေဖာ္ၾကဴ းရာေရာက္ေအာင္ သက္သတ္လြတ္စားတာ ၊အသားႀကီးငါးႀကီးေရွာင္တာမ်ိဳး လုပ္ေပးႏိုင္ရင္အတိုင္းထက္အလြန္ေပါ့ဗ်ာ။

ဒီေန႔တစ္ရက္ေန႔က တနလၤာေန႔လဲ ျဖစ္ျပန္ ၊ျပာသိုလျပည့္ေန႔လဲျဖစ္တာေၾကာင့္ တနလၤာၿဂိဳဟ္ အလြန္စိုးမိုးတဲ့ေန႔ပါပဲ။ ေမတၱာပြားၿပီး ကုသိုလ္ယူျခင္းျဖင့္ စတင္ႏိုင္ရင္အေကာင္းဆံုးေပါ့ဗ်။ တစ္ႏွစ္ပတ္လံုး ေမတၱာတရားေတြထံုမႊန္းထားၿပီး ကံေကာင္းျခင္းေတြဒီေရအလားတိုးပြားၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔ရင္း…..

၇ရက္သားသမီးအေပါင္း

ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

နှစ်ဦး အဓိဋ္ဌာန်

————-

အစီအရင်တွေ ယတြာတွေ မပြောခင် 2018အကြောင်း စပြောရအောင်ဗျ။ 2018က ပေါင်းခြင်း 2ရတယ်ဗျ။

2+0+1+8=11.(1+1=2)

2ဂဏန်းဆိုတာ တနင်္လာဂြိုဟ်စိုးမိုးတယ်ပေါ့ဗျာ ။

တနင်္လာဂြိုဟ်က လမင်းပေါ့ဗျာ။ အေးမြခြင်းအဓိပ္ပါယ်ရတယ်။ ဓာတ်သဘောအရ အမဓာတ်ပေါ့ဗျာ။

နေမင်းက ဖခင်ဆို လမင်းကမိခင်ပေါ့ဗျာ။ မေတ္တာတရားအားကြီးတဲ့ ဂြိုဟ်လို့ပြောလို့ရပါတယ်။

ချစ်ခြင်းတရားတွေပြည့်နှက်နေတဲ့ ဂြိုဟ်ပေါ့ဗျ။

မြန်မာနိုင်ငံက 4ဂဏန်းစိုးမိုးတဲ့ နိုင်ငံဆိုတော့ 4ဂဏန်း နဲ့ 2ဂဏန်းပေါင်းစပ်ပြီး အဟောထုတ်ရရင်

ဒီလိုနှစ်မျိုးမှာ ချစ်ခြင်းတရားနဲ့ ပက်သက်ပြီးလူသားတွေ ခံစားလွယ်တဲ့နှစ်ပါပဲ။ အချစ်ရေးနဲ့ပက်သက်ရင် ထိလွယ်ရှလွယ်တယ်လို့ ပြောလို့ရပါတယ်။ ခံစားချက်ကိုဦးစားပေးလာလိမ့်မယ်။

အနုပညာနဲ့ပက်သက်ပြီး အထူးကောင်းလာမဲ့နှစ်ပါ။

အစိုးရဘက်က အပံ့အပိုးတွေရလာနိုင်သလို

ရွက်ပုန်းသီးအနုပညာရှင်လေးတွေ ပွဲထုတ်ခံရမဲ့နှစ်ပါပဲ။ စာပေ၊ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာနယ်ပယ်အသီးသီး ကောင်းလာမဲ့နှစ်တစ်ခုပါ။

စပ်တူရှယ်ယာလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊

အနုပညာလုပ်ငန်းများ၊သင်ကြားရေးလုပ်ငန်းများ ၊စတော့ရှယ်ယာလုပ်ငန်းများ ၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ အထူးအားကောင်းစွာအကျိုးပေးပါတယ်။

လစာတိုးခြင်း ၊ အခြေခံလုပ်ခလစာတိုးမြှင့်ပေးခြင်းမျို းတွေလဲရှိလာပါလိမ့်မယ်။ ငွေကြေးဖောင်းပွမှုဒဏ်ကိုလဲ ခံစားရပါလိမ့်မယ်။

ကြာသပတေးဂြိုဟ်ရပ်တည်မှု၊စနေဂြိုဟ်ရပ်တည်မှု အားနည်းတာကြောင့် ဘာသာရေးနဲ့ပက်သက်ပြီးအဓီကရုဏ်းတွေ

ဘာသာရေးပြဿ နာတွေဖြစ်လာဖို့ တွန်းအားပေးတဲ့နှစ်ပါပဲ။

နိုင်ငံရေးပါတီအချင်းချင်းအားပြိုင်မှုတွေကနေ ပဋိပက္ခအသွင် ဆောင်သွားတတ်တာကတော့ သတိထားစရာပါပဲ။

တနင်္လာဂြိုဟ် အားကောင်းမှုက သင်ကြားရေးနဲ့ပက်သက်သော သင်ယူခြင်းနဲ့ပက်သက်သော ကိစ္စတွေအထူးကောင်းပါတယ်။ သင်ယူလိုစိတ်၊သင်တန်းတတ်လိုစိတ်၊အသက်မွေးမှုပညာ သင်ယူလိုစိတ်တွေ လူတိုင်းရင်မှာဖြစ်တည်လာတတ်တဲ့ နှစ်ပါပဲ။

နိုင်ငံတော်အဆင့် အကြီးအကဲတွေ ၊ခေါင်းဆောင်တွေအပြောင်းအလဲဖြစ်ပေါ်လာနိုင်တဲ့ကာလပါပဲ။

သဘာဝဘေးအန္တရာယ်အနေနဲ့ကတော့ ဒီနှစ်ထဲ

အများအပြားတော့ မရှိပါဘူး။ ရေကြီးတာ၊ရေလျှံတာ ၊ မုန်တိုင်းတိုက်ခတ်တာမျိုးကတော့ ဖြစ်လာနိုင်ပါသေးတယ်။ ကူးစက်ရောဂါဆိုတာမျိုးကလဲ ဖြစ်ပေါ်ဖို့ အလားအလာများတဲ့ နှစ်တစ်ခုပါ။

2018် မှာ 1ဂဏန်းသမားများ ၊ 5ဂဏန်းသမားများ၊ 7ဂဏန်းသမားများကံမြင့်မားတတ်သလို

ကာရကဋ်ရာသီဖွားများ ၊ဗြိစ္ဆာရာသီဖွားများ ၊မိန်ရာသီဖွားများလဲ ကံမြင့်မားတယ်လို့ ယေဘုယျပြောလို့ရပါတယ်။

၂၀၁၈မှာ ဘယ်နေ့သားမဆို၊ ဘယ်ရာသီဖွားမဆို မည်သူမဆို ပြုလုပ်သင့်တဲ့ အစီအရင်ကတော့

ရေလှူတာပါပဲ။ ဘုရားရောက်ရင် သောက်တော်ရေကပ်တာ ၊ရေသပ္ပာယ်တာ ၊ရေသန့်စက်လှူတာ ၊စက်ရေတွင်းတူးတာ စတာတွေလုပ်သင့်ပါတယ်။လူကြီးမိဘတွေကို ကော်ဖီဖျော်တိုက်တာ အအေးဖျော်တိုက်တာမျိုးလဲ ကြုံရင်ကြုံသလို ပြုပေးသင့်ပါတယ်။

တနင်္လာဂြိုဟ်က မေတ္တာဂြိုဟ်ပါ။ ဒါကြောင့် ရရက်သားသမီး အားလုံးကို မေတ္တာပို့တာ မေတ္တာသုတ်ရွတ်ဆိုတာမျိုးကနေ့စဉ် နိစ္စဓူဝလုပ်ဆောင်ပေးနိုင်ရင်အကောင်းဆုံးပါ။ မေတ္တာတရားကို ဖော်ကြူ းရာရောက်အောင် သက်သတ်လွတ်စားတာ ၊အသားကြီးငါးကြီးရှောင်တာမျိုး လုပ်ပေးနိုင်ရင်အတိုင်းထက်အလွန်ပေါ့ဗျာ။

ဒီနေ့တစ်ရက်နေ့က တနင်္လာနေ့လဲ ဖြစ်ပြန် ၊ပြာသိုလပြည့်နေ့လဲဖြစ်တာကြောင့် တနင်္လာဂြိုဟ် အလွန်စိုးမိုးတဲ့နေ့ပါပဲ။ မေတ္တာပွားပြီး ကုသိုလ်ယူခြင်းဖြင့် စတင်နိုင်ရင်အကောင်းဆုံးပေါ့ဗျ။ တစ်နှစ်ပတ်လုံး မေတ္တာတရားတွေထုံမွှန်းထားပြီး ကံကောင်းခြင်းတွေဒီရေအလားတိုးပွားကြပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း…..

ရရက်သားသမီးအပေါင်း

ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Leave a Reply

Your email address will not be published. Required fields are marked *