09.11.2017မွ 15.11.2017 အထိ 


09.11.2017မွ 15.11.2017 အထိ 

   တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

   ခရီးေဝးကိစၥ ၊ ရပ္ေဝးႏိုင္ငံရပ္ျခားကိစၥေတြနဲ႔ ပက္သက္ဆက္ႏြယ္လာတတ္တဲ့အခ်ိန္ပါပဲ။ ရွင္းရွင္းေျပာရရင္ေတာ့ လမ္းမ်ားေနမဲ့အခ်ိန္ကာလပါပဲ။ ပညာေရးက႑မွာလဲ အားနည္းေနတဲ့အခ်ိန္ပါ။ ဒီကာလမွာ စာေမးပြဲကိစၥ အင္တာဗ်ဴးကိစၥေတြရွိမယ္ဆိုရင္ေတာ့ပိုၿပီးဂ႐ုစိုက္သင့္ပါတယ္။ အေရးမႀကီးတာေတြနဲ႔ အခ်ိန္ေတြကုန္ေနတတ္ၿပီး အေရးႀကီးတဲ့ကိစၥေတြကို လ်စ္လ်ဴရႈထားမိတတ္ပါတယ္။ အခ်စ္ေရးမွာ ငါသိငါတတ္ေျပာလြန္းျခင္းေၾကာင့္ ခ်စ္သူရဲ႕မ်က္မုန္းက်ိဳးျခင္းခံရတတ္ပါတယ္။ ဘယ္ကိစၥမဆိုတစ္ေယာက္ထဲမစဥ္းစားဘဲ အမ်ားနဲ႔ ဝိုင္းဝန္း စဥ္းစားလုပ္ကိူင္ျခင္းျဖင့္ လမ္းမွန္ေရာက္မဲ့ကာလပါပဲ။ စိတ္ထဲမွာမတင္မက်ျဖစ္စရာ ၊ဆံုးျဖတ္ရခက္စရာ ကိစၥေတြလဲ ရွိေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၆၊၅၊၃

အထူးေဟာ အက်ိဳးမရွိတာေတြနဲ႔အခ်ိန္ကုန္ေန တတ္တယ္

ယၾတာ သေဘၤာသီးမွည့္ကို စိပ္ၿပီး ဘုရားကပ္လႉပါ။


တနလၤာ 

     လုပ္ငန္းစီးပြားလြန္စြာ တိုးတတ္မဲ့အခ်ိန္ပါပဲ။ ရည္မွနး္ထားတာေတြ စတင္အေကာင္အထည္ ေဖာ္ႏိုင္မဲ့အခ်ိန္ပါပဲ။ ကိုယ္ပိုင္စီးပြားေရးသမားမ်ား အက်ိဴးျဖစ္ထြန္းမဲ့ကာလပါ။ ဘာပဲလုပ္လုပ္ စိတ္အေႏွာက္အယွက္ျဖစ္ရၿပီးမွ အဆင္ေျပတတ္ပါတယ္။ က်န္းမာေရးေတာ့ ဂ႐ုစိုက္ပါ။ ခႏၶာကိုယ္ေအာက္ပိုင္း နာက်င္ကိုက္ခဲေနရတတ္ပါတယ္။ ျခင္ေၾကာင့္ျဖစ္ေသာ ကူးစက္ေရာဂါမ်ား ျဖစ္တတ္တဲ့အတြက္ ဆင္ျခင္ပါ။ အခ်စ္ေရးလဲကံေကာင္းေနတတ္ပါတယ္။ စန္းပြင့္ေနပါလိမ့္မယ္။ ခ်စ္သူဘဝေပ်ာ္ရႊင္စရာေတြ ဆက္တိုက္ၾကံဳႏိုင္ပါတယ္။ မိတ္ေဆြသစ္ေတြ တိုးပြားမဲ့ကာလပါ။ စိတ္ပင္ပန္း လူပင္ပန္းအျဖစ္ခံၿပီး အလုပ္လုပ္ျခင္း အာရံုအလြန္စိုက္ျခင္းမ်ိဳး ေရွာင္သင့္ပါတယ္။ ေငြကဘယ္ေလာက္ဝင္ဝင္အဖတ္မတင္ဘဲ ျပန္ထြက္သြားတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၇၊၀၊၄

အထူးေဟာ ေပါ့ေပါ့ပါးပါးပဲလုပ္ကိုင္ေဆာင္ရြက္ပါ

ယၾတာ ထီးျဖဴ ၇ လက္ စေနေထာင့္တြင္လႉပါ။


အဂၤါ 

      ကံအလြန္ျမင့္ေနတဲ့အခ်ိန္ပါ။ ဘဝရဲ႕အမွတ္ရစရာအေကာင္းဆံုးကာလေလးပါပဲ။ ဆံုးျဖတ္ခ်က္ ျမန္ဆန္စြာ ခ်မွတ္ျခင္းျဖင့္ အက်ိဳးျဖစ္ထြန္းမဲ့ကာလပါ။ ပညာေရးနဲ႔ ပက္သက္ေသာ အခြင့္အလမ္းေကာင္းေတြရလာ တတ္ပါတယ္။ ပညာတိုးမယ္လို႔ဆိုခ်င္တာပါ။ ယာဥ္ စက္ကားေတြလဲ ဝင္လာတတ္ပါတယ္။ မိမိအေနနဲ႔ ခရီးရွည္ေတြလဲသြားရဖို႔ၾကံဳရတတ္ပါတယ္။ စိတ္ကူးထားတာ ရည္မွန္းထား

တာေလးေတြလဲ ျပည့္ဝတတ္ပါတယ္။ ရာထူးတိုးၿပီး ေနရာေျပာင္းေရႊ႕ရတာမ်ိဳး ၾကံဳရႏိုင္ပါတယ္။က်န္းမာေရးကလဲ ေဒါင္ေဒါင္ျမည္ေနမဲ့ အခ်ိန္ပါ။ ေငြဝင္ေပမဲ့ ကုန္က်စရာေတြမ်ားေနတတ္ပါတယ္။ အေနေဝးေနတဲ့ခ်စ္သူေတြ ျပန္လည္ဆံုေတြ႕ဖို႔ အေၾကာင္းဖန္လာတတ္တယ္။ 

အက်ိဳးေပးဂဏန္း ၁၊ ၇၊ ၃

အထူးေဟာ စိတ္ျမန္ လက္ျမန္လုပ္ကိုင္ပါ

ယၾတာ ႏွင္းဆီပန္း ၃ပြင့္ ဘုရားလႉပါ။


ဗုဒၶဟူး

    ဒီကာလဟာ ေအာက္လက္ငယ္သားေတြရဲ႕ကူညီမႈ အၾကံဉာဏ္ေပးမႈက မိမိကို ေကာင္းက်ိဳးျဖစ္ထြန္းေစမွာပါ။သားသမီးေတြေၾကာင့္လဲ စိတ္ခ်မ္းသာရတတ္ပါတယ္။ ရပ္ေဝးေရာက္ေနတဲ့ သားသမီးေတြရဲ႕ အေထာက္အပံ့ ေတြရႏိုင္မဲ့ ကာလပါ။ လူငယ္ေတြအေနနဲ႔ အခ်စ္ေရးမွာ ေနာက္မွေပါက္တဲ့ေရႊၾကာပင္ကို ဦးစားေပးမိတတ္တဲ့ အခ်ိန္ပါ။ အိမ္ေထာင္ရွင္မ်ားကေတာ့ အိမ္ေထာင္ေရး

သုချပည့္ဝမဲ့အခ်ိန္ကာလပါ။ အိမ္တြင္းေရး မိသားစု

အေရး စိတ္ခ်မ္းေျမ႕ရပါလိမ့္မယ္။ အဖိုးတန္ပစၥည္းမ်ား အထားမွားျခင္း ေမ့က်န္ေနျခင္းေတြေၾကာင့္ ဆံုးရွံုးရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ေသြးအားနည္းတာမ်ိဳး ႏွလံုးအားနည္းတာမ်ိဳးျဖစ္တတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁၊ ၈၊ ၄

အထူးေဟာ သီလရွိေအာင္ေနပါ။

က်န္းမာေရးကေတာ့ ေသြးအားနည္းတာမ်ိဳး ႏွလံုးအားနည္းတာမ်ိဳးျဖစ္တတ္ပါတယ္။


ၾကာသပေတး 

       မိတ္ေဆြေတြ ရင္ႏွီးသူေတြနဲ႔ စကားမ်ား စိတ္ဝမ္းကြဲရတတ္ပါတယ္။ မေမွ်ာ္လင့္ထားတာေတြပဲ တစ္ပတ္လံုးျဖစ္ေနတတ္ပါတယ္။ အလုပ္ျပဳတ္တာ အထက္လူႀကီးနဲ႔ စကားမ်ားရတာေတြၾကံဳရတတ္ပါတယ္။မိဘေတြ စိတ္ကြက္သြားေစတဲ့ ကိစၥရပ္မ်ိဳး မိ္ိမိကျပဳမူမိတတ္ပါတယ္။ ရန္မ်ားတတ္သလို မိမိကိုမနာလိုသူေတြရဲ႕ေခ်ာင္တြန္းျခင္းခံရတတ္ပါတယ္။ မိမိသြားခ်င္ေသာ ခရီးရွိရင္ ဒီကာလအတြင္း သြားရတတ္ပါတယ္။ အခ်စ္ေရးကံ မညံ့ေပမဲ့ ခ်စ္သူနဲ႔အဆက္အသြယ္ပ်က္ေနရတတ္တဲ့အခ်ိန္ပါ၊၊ ဒီကာလအတြင္း ရပ္ေဝးကေဆြမ်ိဳးေတြဆီ အလည္အပတ္မသြားသင့္ေသးပါဘူး၊၊ ေငြေၾကးရလိုမႈ တစ္ခုထဲၾကည့္ၿပီး လုပ္မိလိုက္တဲ့ကိစၥေတြက ဒုကၡေပးတတ္ပါတယ္။ လုပ္ငန္းသစ္ခ်ဲ႕ထြင္တာမ်ိဳး မလုပ္သင့္တဲ့ကာလပါပဲ။ 

အက်ိဳးေပးဂဏန္း ၆၊၀၊၃

အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ပါ။

ယၾတာ နီးစပ္ရာ ေစတီပုထိုးမွာ ညလံုးေပါက္ လွ်ပ္စစ္မီးပူေဇာ္ပါ။  


ေသာၾကာ 

      ဘာအေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ ခရီးထြက္စရာ ၾကံဳလာၿပီဆိုရင္ေတာ့ သြားလိုက္ပါ။ ခရီးထြက္ၿပီးတာနဲ႔ကံေတြျမင့္မားလာတတ္လို႔ပါပဲ။ ဒီကာလဟာ ကံေကာင္းတာေတြေရာ ဆိုးတာေတြေရာ ေရာေထြးျဖစ္မဲ့အခ်ိန္ပါ။ ဒါေပမဲ့အေကာင္းဘက္မ်ားပါတယ္။ အတူေန မိသားစုအခ်င္းခ်င္း စိတ္ဝမ္းကြဲစရာေပၚလာတတ္တယ္။ေမြးရပ္နဲ႔အေဝးကေန အကူအညီေတြရလိမ့္မယ္။ မိဘေတြရဲ႕က်န္းမားေရးကို ဂ႐ုစိုက္ေစခ်င္ပါတယ္။ စီးပြားေရးေကာင္းမယ္။ လူမႉေရးေကာင္းမယ္။ အရမ္းရင္းႏွီးရေသာ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အၾကံဉာဏ္ရယူသင့္တဲ့အခ်ိန္ပါ။ဘာပဲလုပ္လုပ္ မိတ္ေဆြေတြနဲ႔ အတူတိုင္ပင္ပါ။ အခ်စ္ေရးကံျမင့္မားေနမည္။ ခ်စ္ရသူက မိမိကို အလြန္ဂ႐ုစိုက္မည္။ လူငယ္မ်ား ပညာေရးစိတ္မဝင္စားဘဲစိတ္ေလေနတတ္သည္။ 

အက်ိဳးေပးဂဏန္း ၃၊၄၊၀

အထူးေဟာ ေကာင္းေသာခရီးေတြ ၾကံဳရမည္။

ယၾတာ ဇီးထန္းလ်က္ဘုရားကပ္လႉပါ။


စေန 

      ကံကအေကာင္းဘက္မွာရွိေနတတ္ပါတယ္။ အဓိကအေနနဲ႔ စီးပြားေရးကံျမင့္မားေနတတ္ပါတယ္။ လုပ္သမွ်အဆင္ေျပေနတတ္သည္။ မိမိၾကံစည္စိတ္ကူးၿပီးလုပ္လိုက္တဲ့ကိစၥရပ္တိုင္း လမ္းမွန္သြားတတ္သည္။ အရာရာကို ေလးဖင့္တြန္႔ဆုတ္မေနပါနဲ႔။ ရဲရဲဆံုးျဖတ္ၿပီး ရဲရဲေရွ႕ဆက္ရမဲ့အခ်ိန္ပါ။ ေရႊေငြလက္ဝတ္ရတနာေတြလဲ ဝင္လာတတ္ပါတယ္။ စိတ္ညစ္စရာကိစၥေတြလြန္ေျမာက္ၿပီး စိတ္ခ်မ္းေျမ႕စရာ ေပ်ာ္စရာေတြၾကံဳရမဲ့အခ်ိန္ပါ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူက သဝန္တိုၿပီး လိုက္ခ်ဳပ္ခ်ဲ႕ တာေၾကာင့္စိတ္ညစ္ရပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ဦးေခါင္းပိုင္း အာရံုေၾကာအပိုင္းအားနည္း ေနတတ္ပါတယ္။ ေငြကိုေတာ့ ရသမွ်ကို လြယ္လြယ္မသံုးမိပါေစနဲ႔ ။ အိမ္ေထာင္သည္မ်ား စုတ္ကိစၥ ရႈပ္ေထြးမႈေတြရွိလာႏိုင္တဲ့ကာလျဖစ္တဲ့အတြက္ ဂ႐ုစိုက္ပါ။

အက်ိဳးေပးဂဏန္း ၁၊၈၊၆

အထူးေဟာ အာရံုစိုက္ၿပီး လုပ္ရတဲ့အလုပ္ေတြကိုေလွ်ာ့ခ်ပါ။

 ယၾတာ လက္ဖက္ထမင္း ဘုရားကပ္လႉပါ။

  ၇ရက္သားသမီးအေပါင္း 

       ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

                ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

      –                             ( unicode version )

09.11.2017မှ 15.11.2017 အထိ 

   တစ်ပတ်စာ ရရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

   ခရီးဝေးကိစ္စ ၊ ရပ်ဝေးနိုင်ငံရပ်ခြားကိစ္စတွေနဲ့ ပက်သက်ဆက်နွယ်လာတတ်တဲ့အချိန်ပါပဲ။ ရှင်းရှင်းပြောရရင်တော့ လမ်းများနေမဲ့အချိန်ကာလပါပဲ။ ပညာရေးကဏ္ဍမှာလဲ အားနည်းနေတဲ့အချိန်ပါ။ ဒီကာလမှာ စာမေးပွဲကိစ္စ အင်တာဗျူးကိစ္စတွေရှိမယ်ဆိုရင်တော့ပိုပြီးဂရုစိုက်သင့်ပါတယ်။ အရေးမကြီးတာတွေနဲ့ အချိန်တွေကုန်နေတတ်ပြီး အရေးကြီးတဲ့ကိစ္စတွေကို လျစ်လျူရှုထားမိတတ်ပါတယ်။ အချစ်ရေးမှာ ငါသိငါတတ်ပြောလွန်းခြင်းကြောင့် ချစ်သူရဲ့မျက်မုန်းကျိုးခြင်းခံရတတ်ပါတယ်။ ဘယ်ကိစ္စမဆိုတစ်ယောက်ထဲမစဉ်းစားဘဲ အများနဲ့ ဝိုင်းဝန်း စဉ်းစားလုပ်ကိူင်ခြင်းဖြင့် လမ်းမှန်ရောက်မဲ့ကာလပါပဲ။ စိတ်ထဲမှာမတင်မကျဖြစ်စရာ ၊ဆုံးဖြတ်ရခက်စရာ ကိစ္စတွေလဲ ရှိနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၆၊၅၊၃

အထူးဟော အကျိုးမရှိတာတွေနဲ့အချိန်ကုန်နေ တတ်တယ်

ယတြာ သင်္ဘောသီးမှည့်ကို စိပ်ပြီး ဘုရားကပ်လှူပါ။


တနင်္လာ 

     လုပ်ငန်းစီးပွားလွန်စွာ တိုးတတ်မဲ့အချိန်ပါပဲ။ ရည်မှနး်ထားတာတွေ စတင်အကောင်အထည် ဖော်နိုင်မဲ့အချိန်ပါပဲ။ ကိုယ်ပိုင်စီးပွားရေးသမားများ အကျိူးဖြစ်ထွန်းမဲ့ကာလပါ။ ဘာပဲလုပ်လုပ် စိတ်အနှောက်အယှက်ဖြစ်ရပြီးမှ အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးတော့ ဂရုစိုက်ပါ။ ခန္ဓာကိုယ်အောက်ပိုင်း နာကျင်ကိုက်ခဲနေရတတ်ပါတယ်။ ခြင်ကြောင့်ဖြစ်သော ကူးစက်ရောဂါများ ဖြစ်တတ်တဲ့အတွက် ဆင်ခြင်ပါ။ အချစ်ရေးလဲကံကောင်းနေတတ်ပါတယ်။ စန်းပွင့်နေပါလိမ့်မယ်။ ချစ်သူဘဝပျော်ရွှင်စရာတွေ ဆက်တိုက်ကြုံနိုင်ပါတယ်။ မိတ်ဆွေသစ်တွေ တိုးပွားမဲ့ကာလပါ။ စိတ်ပင်ပန်း လူပင်ပန်းအဖြစ်ခံပြီး အလုပ်လုပ်ခြင်း အာရုံအလွန်စိုက်ခြင်းမျိုး ရှောင်သင့်ပါတယ်။ ငွေကဘယ်လောက်ဝင်ဝင်အဖတ်မတင်ဘဲ ပြန်ထွက်သွားတတ်ပါတယ်။

အကျိုးပေးဂဏန်း ရ၊၀၊၄

အထူးဟော ပေါ့ပေါ့ပါးပါးပဲလုပ်ကိုင်ဆောင်ရွက်ပါ

ယတြာ ထီးဖြူ ရ လက် စနေထောင့်တွင်လှူပါ။


အင်္ဂါ 

      ကံအလွန်မြင့်နေတဲ့အချိန်ပါ။ ဘဝရဲ့အမှတ်ရစရာအကောင်းဆုံးကာလလေးပါပဲ။ ဆုံးဖြတ်ချက် မြန်ဆန်စွာ ချမှတ်ခြင်းဖြင့် အကျိုးဖြစ်ထွန်းမဲ့ကာလပါ။ ပညာရေးနဲ့ ပက်သက်သော အခွင့်အလမ်းကောင်းတွေရလာ တတ်ပါတယ်။ ပညာတိုးမယ်လို့ဆိုချင်တာပါ။ ယာဉ် စက်ကားတွေလဲ ဝင်လာတတ်ပါတယ်။ မိမိအနေနဲ့ ခရီးရှည်တွေလဲသွားရဖို့ကြုံရတတ်ပါတယ်။ စိတ်ကူးထားတာ ရည်မှန်းထား

တာလေးတွေလဲ ပြည့်ဝတတ်ပါတယ်။ ရာထူးတိုးပြီး နေရာပြောင်းရွှေ့ရတာမျိုး ကြုံရနိုင်ပါတယ်။ကျန်းမာရေးကလဲ ဒေါင်ဒေါင်မြည်နေမဲ့ အချိန်ပါ။ ငွေဝင်ပေမဲ့ ကုန်ကျစရာတွေများနေတတ်ပါတယ်။ အနေဝေးနေတဲ့ချစ်သူတွေ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာတတ်တယ်။ 

အကျိုးပေးဂဏန်း ၁၊ ရ၊ ၃

အထူးဟော စိတ်မြန် လက်မြန်လုပ်ကိုင်ပါ

ယတြာ နှင်းဆီပန်း ၃ပွင့် ဘုရားလှူပါ။


ဗုဒ္ဓဟူး

    ဒီကာလဟာ အောက်လက်ငယ်သားတွေရဲ့ကူညီမှု အကြံဉာဏ်ပေးမှုက မိမိကို ကောင်းကျိုးဖြစ်ထွန်းစေမှာပါ။သားသမီးတွေကြောင့်လဲ စိတ်ချမ်းသာရတတ်ပါတယ်။ ရပ်ဝေးရောက်နေတဲ့ သားသမီးတွေရဲ့ အထောက်အပံ့ တွေရနိုင်မဲ့ ကာလပါ။ လူငယ်တွေအနေနဲ့ အချစ်ရေးမှာ နောက်မှပေါက်တဲ့ရွှေကြာပင်ကို ဦးစားပေးမိတတ်တဲ့ အချိန်ပါ။ အိမ်ထောင်ရှင်များကတော့ အိမ်ထောင်ရေး

သုခပြည့်ဝမဲ့အချိန်ကာလပါ။ အိမ်တွင်းရေး မိသားစု

အရေး စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ အဖိုးတန်ပစ္စည်းများ အထားမှားခြင်း မေ့ကျန်နေခြင်းတွေကြောင့် ဆုံးရှုံးရတတ်ပါတယ်။ ကျန်းမာရေးကတော့ သွေးအားနည်းတာမျိုး နှလုံးအားနည်းတာမျိုးဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၁၊ ၈၊ ၄

အထူးဟော သီလရှိအောင်နေပါ။

ကျန်းမာရေးကတော့ သွေးအားနည်းတာမျိုး နှလုံးအားနည်းတာမျိုးဖြစ်တတ်ပါတယ်။


ကြာသပတေး 

       မိတ်ဆွေတွေ ရင်နှီးသူတွေနဲ့ စကားများ စိတ်ဝမ်းကွဲရတတ်ပါတယ်။ မမျှော်လင့်ထားတာတွေပဲ တစ်ပတ်လုံးဖြစ်နေတတ်ပါတယ်။ အလုပ်ပြုတ်တာ အထက်လူကြီးနဲ့ စကားများရတာတွေကြုံရတတ်ပါတယ်။မိဘတွေ စိတ်ကွက်သွားစေတဲ့ ကိစ္စရပ်မျိုး မိ်ိမိကပြုမူမိတတ်ပါတယ်။ ရန်များတတ်သလို မိမိကိုမနာလိုသူတွေရဲ့ချောင်တွန်းခြင်းခံရတတ်ပါတယ်။ မိမိသွားချင်သော ခရီးရှိရင် ဒီကာလအတွင်း သွားရတတ်ပါတယ်။ အချစ်ရေးကံ မညံ့ပေမဲ့ ချစ်သူနဲ့အဆက်အသွယ်ပျက်နေရတတ်တဲ့အချိန်ပါ၊၊ ဒီကာလအတွင်း ရပ်ဝေးကဆွေမျိုးတွေဆီ အလည်အပတ်မသွားသင့်သေးပါဘူး၊၊ ငွေကြေးရလိုမှု တစ်ခုထဲကြည့်ပြီး လုပ်မိလိုက်တဲ့ကိစ္စတွေက ဒုက္ခပေးတတ်ပါတယ်။ လုပ်ငန်းသစ်ချဲ့ထွင်တာမျိုး မလုပ်သင့်တဲ့ကာလပါပဲ။ 

အကျိုးပေးဂဏန်း ၆၊၀၊၃

အထူးဟော ကျန်းမာရေးဂရုစိုက်ပါ။

ယတြာ နီးစပ်ရာ စေတီပုထိုးမှာ ညလုံးပေါက် လျှပ်စစ်မီးပူဇော်ပါ။  


သောကြာ 

      ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခရီးထွက်စရာ ကြုံလာပြီဆိုရင်တော့ သွားလိုက်ပါ။ ခရီးထွက်ပြီးတာနဲ့ကံတွေမြင့်မားလာတတ်လို့ပါပဲ။ ဒီကာလဟာ ကံကောင်းတာတွေရော ဆိုးတာတွေရော ရောထွေးဖြစ်မဲ့အချိန်ပါ။ ဒါပေမဲ့အကောင်းဘက်များပါတယ်။ အတူနေ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲစရာပေါ်လာတတ်တယ်။မွေးရပ်နဲ့အဝေးကနေ အကူအညီတွေရလိမ့်မယ်။ မိဘတွေရဲ့ကျန်းမားရေးကို ဂရုစိုက်စေချင်ပါတယ်။ စီးပွားရေးကောင်းမယ်။ လူမှူရေးကောင်းမယ်။ အရမ်းရင်းနှီးရသော လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြံဉာဏ်ရယူသင့်တဲ့အချိန်ပါ။ဘာပဲလုပ်လုပ် မိတ်ဆွေတွေနဲ့ အတူတိုင်ပင်ပါ။ အချစ်ရေးကံမြင့်မားနေမည်။ ချစ်ရသူက မိမိကို အလွန်ဂရုစိုက်မည်။ လူငယ်များ ပညာရေးစိတ်မဝင်စားဘဲစိတ်လေနေတတ်သည်။ 

အကျိုးပေးဂဏန်း ၃၊၄၊၀

အထူးဟော ကောင်းသောခရီးတွေ ကြုံရမည်။

ယတြာ ဇီးထန်းလျက်ဘုရားကပ်လှူပါ။


စနေ 

      ကံကအကောင်းဘက်မှာရှိနေတတ်ပါတယ်။ အဓိကအနေနဲ့ စီးပွားရေးကံမြင့်မားနေတတ်ပါတယ်။ လုပ်သမျှအဆင်ပြေနေတတ်သည်။ မိမိကြံစည်စိတ်ကူးပြီးလုပ်လိုက်တဲ့ကိစ္စရပ်တိုင်း လမ်းမှန်သွားတတ်သည်။ အရာရာကို လေးဖင့်တွန့်ဆုတ်မနေပါနဲ့။ ရဲရဲဆုံးဖြတ်ပြီး ရဲရဲရှေ့ဆက်ရမဲ့အချိန်ပါ။ ရွှေငွေလက်ဝတ်ရတနာတွေလဲ ဝင်လာတတ်ပါတယ်။ စိတ်ညစ်စရာကိစ္စတွေလွန်မြောက်ပြီး စိတ်ချမ်းမြေ့စရာ ပျော်စရာတွေကြုံရမဲ့အချိန်ပါ။ အချစ်ရေးမှာတော့ ချစ်သူက သဝန်တိုပြီး လိုက်ချုပ်ချဲ့ တာကြောင့်စိတ်ညစ်ရပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဦးခေါင်းပိုင်း အာရုံကြောအပိုင်းအားနည်း နေတတ်ပါတယ်။ ငွေကိုတော့ ရသမျှကို လွယ်လွယ်မသုံးမိပါစေနဲ့ ။ အိမ်ထောင်သည်များ စုတ်ကိစ္စ ရှုပ်ထွေးမှုတွေရှိလာနိုင်တဲ့ကာလဖြစ်တဲ့အတွက် ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း ၁၊၈၊၆

အထူးဟော အာရုံစိုက်ပြီး လုပ်ရတဲ့အလုပ်တွေကိုလျှော့ချပါ။

 ယတြာ လက်ဖက်ထမင်း ဘုရားကပ်လှူပါ။

  ရရက်သားသမီးအပေါင်း 

       ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

                ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

                                   

Leave a Reply

Your email address will not be published. Required fields are marked *